Blogger Widgets

ကြိုဆိုစာ

အဖရခိုင်မြီဘလော့မှကြိုဆိုပါယင့်...အဂုပိုင်အချိန်ပီးလာလည်ကတ်လို့ ကျေးဇူးတင်ပါရေ..ရခိုင်သူ/ရခိုင်သားတိ အားလုံးကျမ်းမာချမ်းသာကတ်ပါစီ .......
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

January 8, 2013

မင်းကွန်းခေါင်းလောင်းထဲမှ ငိုကြွီးသံများ

ထနောင်းပင်ရိပ်နှင့် တမာရိပ်ရို့ 
လွှမ်းခြုံထားရာ အညာဒေသ
ပျူဂါမသို့  တခေါက်တခါ
ရောက်ဖြစ်ပါလျှင် မန္တလေးတဖက်
မင်းကွန်းရပ်ကို မဖြစ် ဖြစ်အောင်
အမောင်လားလီ လိလာခီ။

November 2, 2012

အို အသျှင်ဦးဥတ္တမ

၁၈၇၉ ဒီဇင်ဘာ ၂၈
လူ့ဘ၀သို့မွီးဖွားသန့်စင်
ပေါ်ထွန်းအောင်လို့နာမ ခေါ်တွင်
အို အသျှင် ဦးဥတ္တမ။...
သူ့ကျွန်မခံ ဇာတိမာန်ဖြင့်
လွတ်လပ်ရေးကို
ဦးစွာ ပထမ နိုးကြားခစွာ
အို အသျှင်ဦးဥတ္တမ။...
အများပြည်သူလေးစားကြည်ညို
ချစ်ခင်ခစွာ ငါရို့
အသျှင် ဦးဥတ္တမ...။
ဆာဂျီနယ် ကရက်ဒေါက်
ထွက်လားလိုက်ပါ ငါရို့မြီက
တောင်းဆိုခစွာ ငါရို့
သျှင်ဦးဥတ္တမ...။
ကိုယ့်ကျိုးကိုစွန့်
နိုင်ငံ့အတွက် လွတ်လပ်ရအောင်
လုပ်ပီးခစွာ ငါရို့အသျှင်ဦးဥတ္တမ။...
၁၉၃၉ စက်တင်ဘာ ၉
ပျံလွန်ခလေ့ငါရို့အသည်းငါရို့ရင်တွင်း
ဒေဂုချိန်ထိ ၀မ်းနည်းကြေကွဲ
အောက်မိန့်တမ်းတလျက်........။
မမိန့်နိုင်ခ စက်တင်ဘာကိုး.......။
စက်တာဘာကိုး..........။။။........
လင်းမြတ်(စစ်တွေ)