ရခိုင်ကုန်းပြိုင်လောင်းပွဲရောက်ဖူးလာပြိုင်လောင်းဟုပြောလျှင် ငရို.ရခိုင်သားတိ ရီကိုပြီးမြင်
ကတ်လိမ့်မည်။ အဂုအကျွန် ရွီးမည်.ပြိုင်လောင်းအကြောင်းသည် ရီတွင်ပြိုင်ခြင်းမဟုတ်၊ ကုန်း
ထက်တွင် ထထူးဆဆန်း ပြိုင်ခြင်းဖြစ်ပါသည်။ အကျွန်ဘ၀တသက်တွင် တစ်ခါရာ မြင်ဖူးပါသည်။ အကျွန်အသက် ၁၂ အရွယ်ခန်. ဖြစ်သည်။ ပေါက်တောတွင် လည်ရိုးတော်ဓာတ် ဇေတီပွဲကျင့်ပ
သည်။ထိုဘုရားပွဲကို နှစ်စဉ်နှစ်တိုင်းကျင့်ပ၍စည်လေ့ကကောင်းစည်ပါသည်။လူပေါင်းထောင်
သောင်းများစွာ ပါဝင်ဆင်နွဲကတ်ပါသည်။ ထိုပွဲတွင် ရခိုင်ရိုးရာယဉ်ကျေးမှု အဖုံဖုံ၊ အက၊ အားကစား၊ ခရမ်းသီးဇာတ် ယင်းပိုင်အစုံပါသည်။ အကျွန်ယင်းပြိုင်လောင်းအကြာင်း အသက် ၁၂ အရွယ်ခန်.
ဖြစ်၍ လုံးစိပတ်စိ မမှတ်မိပါ။ယကေလေ့မှတ်မိသလောက်တင်ပြလားပါမည်။ ယင်းကုန်းပြိုင်လောင်း
ကို ပုံဖော်ရာတွင် ပုတ်အဆိုး၊ ဖျာ(၀ါ) ရိုင်လိပ်အဆိုးတိကို လောင်းပုံပိုင် ဓားနန်.ပိုင်းဖြတ်ပုံဖော်ရသည်။
အားကောင်းမောင်းသန်၊ ဖျတ်လတ်သော လှေလော်သားတိ ဘေးတဖတ် တချက်တွင် ထိုပုံဖော်
ထားသော ပုတ်အဆိုး၊ ဖျာ(၀ါ) ရိုင်လိပ်အဆိုးတကို ၀ါး(၀ါ) အသား(သစ်သား) ဒဂုံတိနှင့် ပူးချိုင်ရသည်။ ဒဂုံကွင်းများမှာ တစ်ခုနှင့်တစ်ခု အကွာအ၀ီး ၁ ပေ ၇ လက်မလောက်အကွာတွင်ဟိသည်။ လောင်းလျော်သားများ သည် ဒဂုံကွင်းတိ အလယ်တွင် ရပ်လျှက် အနိန်ထားဟိပြီး ကုန်းပြိုင်လောင်း
အား ခိုင်မာရေကြိုးတိနှင့်ပက်ခုံးတွင် ထမ်းထားရပါသည်။
လောင်းတစ်လောင်းတွင်ဦးရေ ၁၅ ယေက် မှ ၁၇ ယောက်ထိပါဝင်မည်ဟုထင်ပါသည်။အ၀ီးကကြည့်
မည်ဆိုပါ အလွန်လှပခန်.ငြားသော ကုန်းပြိုင်လောင်းကြီး ကိုမြင်နိုင်ပါသည်။ ပြိုင်လောင်း၏အပြင်ဘက်
နံတိကိုလည်းပန်းချီတိနှင့်အလှဖော်ထားပါသည်။လောင်းလှောင်းသားများအနိန်ထားမှာ ရီ ပြိုင်လောင်း
ပိုင် တတူတူဖြစ်သည်။ လောင်းလှော်သားများ သူရို.၏ လှော်တက်တိကိုအားမှန်အပြည့်ဖြင့်ကိုင်ထား
ကတ်သည်။ ပြိုင်ပွဲဝင် အသင်းများသည် တာမထွက်မှီ တစင်းနှင့်တစင်းပြိုင်တူရပ်လျှက် ဒိုင်လူကြီး အချက်ပီး ပလီသံကို စောင့်ကတ်ရသည်။ရီပြိုင်လောင်းနှင့်စည်ကမ်းတိတတူဖြစ်ပါသည်။ ပလီအချက်ပီး
သံကြားလျှင်ကြားချင်း ပန်းတိုင်ကိုအယင်ဆုံးရောက်ရန် တက်တိကိုလှော်လျက် ပြိုင်တူ ပြီးကတ်ရပါ
သည်။ ဒေပြိုင်ပွဲကြည့်ရသည်မှာ ရယ်ဖို.၊ပျော်ဖို.ကောင်းရေပိုင် အားပါဖို.လည်းကကောင်း ကောင်းပါ
သည်။ ကုန်းပြိုင်လောင်းသည် ရီပြိုင်လောင်းထက် အဆတစ်ရာလောက် ခက်ခဲ့ သိမ်မွေ.မည်ဟု
အကျွန်ထင်ပါသည်။ ကုန်းပြိုင် လောင်းတွင်အတိုင်ဖောက် ကကောင်းညီရန်လိုအပ်ပြီး၊ လောင်းလှော်သား
အချင်းချင်း အဟုန်တတူ ပြီးရန်ကကောင်းအရေးကြီးပါသည်။ မဟုတ်ပါက တစင်းလုံး ဂဂြမ်းပြို လဲကျ
မည်ဖြစ်သည်။ပန်းတိုင်သို. စဗြီး( ပြီး) ရာတွင် လှော်တက်တိကိုလည်း တပါတည်းလှော်ရပါသည်။ ယင့်ချင့်သည် balance ဖြစ်ဖို.တွက်ကကောင်းခက်ခဲ့သောအလုပ်ဖြစ်ပါသည်။ အကျွန် ရွီ.(ရှိ) မှာပင်တချို.သော လောင်းများ ဂဂြမ်းပြို လဲကျကတ်ပါသည်။အကျွန်သည် အချေ ဘာသာ ဘာဝ အလျောက် အအူပိန်အောင်ရယ်မိပါသည်။ အသင်း သသင်းနှင့် သသင်းလည်း မနာ နာအောင်း
သံကျပ်တိ ထိုးကတ်ပါသည်။ ရခိုင်ရိုးရာကုန်ပြိုင်းလောင်းပြိုင်ပွဲ မျိုး သည် ကမ္ဘာ့ မည်သည်.နိန်ရာ မှာ တွိနိုင်မည်မဟုတ်ပါ။ ရခိုင်ပြည်တွင်လည်းပျောက် ကွယ်လားယာဟုထင်ပါသည်။ ယင်းပိုင် ချစ်ဖို.
ကောင်းရ ၊သိမ်မွေ.နက်နဲသော ရခိုင်ရိုးရာ ယဉ်ကျေးမှုအမွီနှစ်များအား ထိမ်းသိမ်းဖော်ထုတ်ကတ်ပါရန် ရခိုင်တမျိုးသားလုံးကြိုးပမ်းကတ်စီချင်ပါသသည်။
(ရခိုင် ကုန်းပြိုင်လောင်းပွဲအကြောင်းသည် ဒေစာတိုချေ တပိုဒ်ဖြင့် မလုံလောက်နိုင်ပါ။ အကျွန်မှတ်မိသလောက်တင်ပြခြင်ဖြစ်ပါသည်။ သိရေလူဆက်ရွီးကတ်စီချင်ပါသည်။)
အေးမောင်( ရင်အုံတော်ဓာတ်)
(ဘုရင်မာရယုဘလော့မှ)ပြန်လည်ကူးယူတင်ပြပေးပါသည်.....စေတနာဖြင့်သာ...

No comments:
Post a Comment