Blogger Widgets

ကြိုဆိုစာ

အဖရခိုင်မြီဘလော့မှကြိုဆိုပါယင့်...အဂုပိုင်အချိန်ပီးလာလည်ကတ်လို့ ကျေးဇူးတင်ပါရေ..ရခိုင်သူ/ရခိုင်သားတိ အားလုံးကျမ်းမာချမ်းသာကတ်ပါစီ .......

January 24, 2013

ထုက္ကန့်သိမ်


ရခိုင့်ဂုဏ်ဆောင် ဗိသုကာလက်ရာတစ်ခုဖြစ်သည်။ မြောက်ဦးမြို့ ရှစ်သောင်း ဘုရားအနီး ပေ၁၂၀ ခန့်မြင့်သော ကုန်းပေါ်တွင် တည်ရှိသည်။ ကျောက်ဖြင့် တည်ထားသည်။ တောင် မြောက် ပေ ၁၁၀ ၊ အရှေ့အနောက် ၁၃၇ ပေရှိပြီး ပေ ၆၀ မျှမြင့်သည်။ အထက်ဝါတွင် အလယ်စေတီကြီး နှင့် အရံလေး

ဆူပါရှိသည်။ စေတီတိုင်းတွင် ကုဗပုံ ဓာတုဂဗ္ဘပေါ်၌ ထီးတင်ထားသည်။ ဂူဝလမ်းတစ်ခုတည်းသာရှိပြီး လက်ယာရစ် လိုဏ်နှစ်ထပ်ရှိသည်။ လိုဏ်နံရံတွင် ဂူကျောင်းငယ် ၁၄၆ ကျောင်း၌ ကုသိုလ်ရှင်များ က ပူဇော်နေဟန် ကျောက်ဆစ်ရုပ်လုံးကြွ ၃၃၀ ကျော်ပါရှိသည်။ မင်းဖလောင်းသည် မိမိအုပ်ချုပ်ရေး အသားတကျဖြစ်စေရန် ထုတ်ကန်သည့်အနေဖြင့် ၁၅၇၁ ခုတွင် တည်ခဲ့ခြင်းဖြစ်၍ ထုက္ကန့်သိမ်ဟုတွင် သည်။ သိမ်တော်၌ ဓမ္မသဘင်ပွဲများကျင်းပခဲ့ကြသည်။ လိုဏ်လမ်းအဆုံးတွင် အာရုံခံအဆောက်ရှိသည်။ ပုထိုးတော်၏ အနောက်တောင်ထောင့်တွင် ဥပုဒ်ဆောင်တော်ရှိသည်။

https://www.facebook.com/photo.php?fbid=477383975651414&set=a.476006252455853.106558.476001089123036&type=
1&theater  ကောက်နုတ်ဖော်ပြသည်။

No comments:

Post a Comment