Blogger Widgets

ကြိုဆိုစာ

အဖရခိုင်မြီဘလော့မှကြိုဆိုပါယင့်...အဂုပိုင်အချိန်ပီးလာလည်ကတ်လို့ ကျေးဇူးတင်ပါရေ..ရခိုင်သူ/ရခိုင်သားတိ အားလုံးကျမ်းမာချမ်းသာကတ်ပါစီ .......

January 21, 2013

အကျွန်သိသမျှ ရက္ခဝဏ္ဏအက္ခရာ


အကျွန်ဂနိ့ထိ ရှာဖွီစုဆောင်းရဟိသရွိသော ကမ္ဘာရီးရာ လူမျိုးအသီးသီးရို့ဧ့ အက္ခရာစာပီရို့ ထဲက ဧဂုဖော်ပြဖို့ အက္ခရာစာပီရေ ရက္ခဝဏ္ဏအက္ခရာစာပီ ဖြစ်ပါရေ။ ဇာတွက်ကြောင့် ရက္ခဝဏ္ဏ အက္ခရာ
စာပီကိုရာ အထူးအရေးစိုက်ပြီးကေ ရီးပါရေလေး။ ကမ္ဘာမာဟိရေ တခြားလူမျိုးအသီးသီးရို့ဧ့ စာပီ
ကို မရီးသားပါလေး။ ယင်းပိုင် ဝိဝါဒစောဒနာပြုခပါကေ အလိုက်သင့်ပင် အကျွန်ဖြေကြားပါမေ။

ကမ္ဘာမာဟိရေ လူမျိုးအသီးသီးရို့မာ ကိုယ်ရို့စာပီကို ကိုယ်ရို့ ထုတ်ဖော်ပနာ မိမိတိုင်းနိုင်ငံ အသီး
သီးရို့မာ သူငယ်တန်းအစ အမ်အေနန့် အိုင်-စီ-အတ်စ် အစဟိရေ ဝိဇ္ဇာတန်းလွန်အဆင့်တန်း အထိ သင်ကြားနီကတ်ရစွာကို အားလုံးအသိပင် ဖြစ်ပါရေ။ တိမ်မြုပ်ပျောက်ကွယ်နီရေ လူမျိုးအသီး သီးရို့
မာ ဂနိ့ထိ တောင်ဘက်ကို မျှော်ပြီး မြောက်ဘက်ကို ယမ်းပနာ စမ်းဖီယမ်းဖမ်းပင် ဖြစ်နီသိ့ပါရေ။

ကိုယ်ရို့ အမျိုးသားအချင်းချင်းပင် ငါရို့မာ စာပီဟိယင့်လား၊ ယင်းစာပီကား ဇာပိုင်လေးလို့ အမျိုးမျိုး
ဝေဖန်ပြောဆိုပြီးကေ တချို့သောသူရို့က ဝေဿန္တရာဇာတ်တော်လာစကားမာ အမိတ္တာပုံရေ ဇူဇကာပုဏ္ဏားအား “စစ်မြီပြင်ကို မရောက်ခါကပင် ယှုံးယာဆိုပနာ ပြန်ခစွာလားဆိုရေ’’ စကားပုံပိုင် ကိုယ်ရို့ဧ့ ဆင်းသက်လာရေ အခြီအမြစ်ကို တစ်ကြိမ်တစ်ခါချေလေ့ စူးစမ်းရှာဖွီ ဝေဖန်ခြင်းမဟိဘဲ စိတ်ကြီးဝင်ပနာ “ငါရေ လူဇော်လူမော်တစ်ယောက်၊ ငါပြောရေပိုင် ဖြစ်ရမေ”၊ ယင်းသူရို့တိ အလ
ကား အကောင်တိရာ၊ သူရို့ယမ်းချပနာ လုပ်နီကတ်စွာရာ ဖြစ်လိမေ၊ ငါရို့မာ စာကား မဟိယာ”အ
စဟိရေ မီးပွင့်စကားလုံးတိနန့် ကိုယ့်ရင်ဝကို ကိုယ်ကိုတိုင် လှံနန့်ထိုးရေပိုင် ပြောဆိုနီကတ်ပါရေ။
အကျွန် တစ်ခုပြောပါရစီ။ ကမ္ဘာ့လူမျိုးအသီးသီးရို့မာ ကိုယ်ရို့ယဉ်ကျေးမှုနန့်ကိုယ်ရို့သဘာဝအ
လျှောက် တစ်ဆင့်စီတစ်ဆင့်စီ ရာစုပေါင်းများစွာကို ကျော်လွန်ခကတ်ပါယာ။ ယင်းပိုင် ကျော်ဖြတ်
လာရေအတွက် စကားနန့် စာရို့ရေ ဂနိ့ထိ ဟိနီကတ်သိ့ပါရေ။ ဟိနီပါကေလေ့ ကိုယ်ရို့အမျိုးသား
စာပီကို ကမ္ဘာ့လူမျိုးတိနည်းတူ ကိုယ်ရို့ရာ ဖော်ထုတ်ထိန်းသိမ်းရမည်မာ ဓမ္မတာရာ ဖြစ်ပါရေ။
ထိုကတစ်ဆင့် မှန်ကန်ရေ အခြီအနီကို ရောက်ဟိပါကေ ကမ္ဘာသို့ တင်ပြနိုင်စွမ်းဟိပါမေ။ ယင်းပိုင်
မှရာ ဂနိ့ထိ တိုးတက်နီရေ ကမ္ဘာ့အဆင့်အတန်းမွီ အမျိုးသားတစ်ရပ် ဖြစ်နိုင်ပါလိမေ။ ယင်းပိုင် မဟုတ်ပါကေ “ကမ္ဘာ့အဆင့်မွီအောင် ရင်ဘောင်တန်းလိုက်၊ ခေတ်မွီအောင် ပြုလုပ်ကတ်ပါ၊ခေတ်မွီ
အောင် တိုးတက်ကတ်ပါ’’ ဆိုရေ စကားလုံးတိရေ အလကားရာ ဖြစ်လီပါဖို့ယာ။ ယင်းတွက်ကြောင့် ပြည်ထောင်စုအတွင်း မှီတင်းနီထိုင်ကတ်တေ ပြည်ထောင်စုအမျိုးသားအချင်းချင်း ရင်းနှီးစွာနန့်ရက္ခ ဝဏ္ဏအက္ခရာခေါ် ရခိုင်အက္ခရာသမိုင်း အကျဉ်းချုပ်ကို ဂနိ့ထိ တွိဟိသရွိ ဖော်ပြပါမေ။ ထိုထက်ပိုလို့ သိဟိကတ်တေ ပညာယှင်အပေါင်းရို့က ချို့ယွင်းစွာချေတိကို ဖြည့်စွက်သည်ဖြစ်စီ၊ အသိပီးသည်ဖြစ်
စီ၊ ကန့်ကွက်သည်ဖြစ်စီ အကျိုးအကြောင်းစပ်ပနာ ညွန်ကြားပါက အသင့်လက်ခံပါမေ။

ရက္ခဝဏ္ဏအက္ခရာခေါ် ရခိုင်အက္ခရာစာပီကိစ္စမာ မီးခွန်း(၃) ခု ဟိပါရေ။ (၁) ဇာအချိန်က ပေါ်ပေါက်
လာပါရေလေး။ (၂)ဇာပုဂ္ဂိုလ်တည်ထွင်ခပါရေလေး။ (၃) ဇာကြောင့် ရက္ခဝဏ္ဏအက္ခရာလို့ ခေါ်တွင်
ပါရေလေး။ ဒေမီးခွန်းသုံးခုကို မူတည်ပနာ မီးခွန်းတိမကန် မီးနိုင်ပါသိ့ရေ။ ယင်းပိုင်မီးခွန်း ပေါင်းမ
ကန်ဟိကေလေ့ ဒေမီးခွန်းသုံးခုမာ အကျုံးဝင်ပြီးဖြစ်တေအတွက် နောက်ထပ်အကျယ်ရီးသားဖို့မလို
ယာထင်ပါရေ။
ယေရာကေလေ့ ဒေဆောင်းပါးအကျဉ်းမာ စုံလင်အောင် ရီးသားခြင်းမပြုနိုင်ရေအတွက် နောက်ထပ်
အမီးတိ လိုဦးမေလို့လေ့ ထင်မိပါရေ။

(၁) ဇာအချိန် ပေါ်ပေါက်လာရေလေး မီးခွန်းအတွက် ဂနိ့ ထိသိဟိသရွိသော အကြောင်းကို ရီးသား
     ပါမေ။

အက္ခရာဆိုသည်ကား အတ္ထောအက္ခရာ သညာတောဆိုရေ ပါဠိအရ သင်္ကေတအမှတ်အသား အား
ဖြင့် အနက်အဓိပ္ပါယ်ကို သိသာစီရန် အမှတ်သညာတစ်ခုအနီနန့် အက္ခရာဝဏ္ဏစာလုံးရို့ကို ပြုပျင် ထားရရေလို့ ဆိုလိုပါရေ။ ယင်းအမှတ်အသားအက္ခရာသညာရို့မာ မိမိရို့အမျိုးသားနန့် မိမိရို့စာပီ
ရေ တစ်သီးတခြားစီအဖြစ် ကမ္ဘာလူမျိုးအရပ်ရပ်ရို့မာ ဟိပါရေ။
အင်္ဂလိပ်အက္ခရာဝဏ္ဏနန့် ဗမာ့အက္ခရာဝဏ္ဏမတူ၊ အိန္ဒိယအက္ခရာဝဏ္ဏနန့် ယိုးဒယားအက္ခရာဝဏ္ဏရို့
မတူ၊ ဂျပန်အက္ခရာဝဏ္ဏနန့် အာရေဗိယအက္ခရာဝဏ္ဏ မတူ၊ ယင်းပိုင် တစ်တိုင်နန့် တစ်တိုင် မတူ
ကတ်ပါ။ မတူစွာကို အစွဲပြုလို့ တခြားဟိသရွိစာပီရို့ကိုလေ့ မဟုတ်ဘူး၊ မယှိဘူး၊ မမှန်ဘူး မဖြစ်နိုင်
တော့ဘူးလို့ ဘူး-တစ်လုံးကို အသုံးပြုနိုင်ကတ်ပါဖို့လား။ ရက္ခဝဏ္ဏအက္ခရာရေ ထူးခြားရေ အက္ခရာ ဝဏ္ဏတစ်ရပ် ဖြစ်ပါရေ။ ပေါ်ဦးစအချိန်မာ ရှီးအခါကနီးစပ်တေပတ်ဝန်းကျင်တိုင်းပြည်ရို့နန့်ဆက်ဆံ ရေအတွက် နီးစပ်တေ တိုင်းပြည်ကြီးတိကရာ ဆင်းသက်နိုင်ပါရေ။ မိုးထက်ကကျပနာ ဆင်းသက်စ
ရာ အကြောင်းမဟိပါ။ စီးစစ်လိုက်ပါကေ ---

လွန်ခရေ နှစ်ပေါင်းနှစ်ထောင်ကျော်သုံးထောင်နီးကပါးခန့်က အိန္ဒိယပြည်ကြီးမာ အက္ခရာစာပီတိကို ကျယ်ကျယ်ပြန့်ပြန့် ရီးသားနီကတ်ပြီး ဖြစ်ပါရေ။ ယင်းထက်ရှီးကျရေ စာပီရို့ကိုကား ရုပ်ပြစာ(သို့မ
ဟုတ်) လက္ခဏာပြစာပီရို့ကို ကမ္ဘာ့သမိုင်းမာ ဖတ်ရှုရပါရေ။ ယေရာကေလေ့ရက္ခဝဏ္ဏအက္ခရာကိုရာ ရီးမေလို့ အာသီသပြုခရေအတွက် ဆက်လက် ဖော်ပြပါမေ။ အဆိုပါ အိန္ဒိယပြည်ကြီးမာရှီးနှစ်ပေါင်း
များစွာကပင် (ရာစုနှစ်လွန်ကို ဆိုလိုပါရေ) ဧရမေဣကာအက္ခရာ ပေါ်ပေါက်လာပါရေ။ယင်းနောက်
မာ တစ်ဆင့်တစ်ဆင့်ပြောင်းလဲလာပနာ ခရုသျှတီအက္ခရာ ပေါ်ပေါက်လာပါရေ။ ယင်းကတစ်ဆင့်
ဗြဟ္မီ၊ ယင်းကတစ်ဆင့် ကုသျှံအက္ခရာ၊ ယင်းကတစ်ဆင့် ဂုတ္တအက္ခရာ၊ ယင်းက တစ်ဆင့်ဂြန္တအက္ခရာ၊ ရက္ခဝဏ္ဏအက္ခရာ၊ ကုဋိလ၊ နာဂရီ၊ သျှာရဒါ၊ ဘင်္ဂလား၊ ပါဆကျီမီ၊ မယေ၊ ပြဒေသျှီ၊ တေလဂု အစဟိ
ရေများစွာသော စာပီအက္ခရာရို့ ဆင်းသက်ပေါ်ပေါက်လာလီပါရေ။ ယင်းကြောင့် ဂုတ္တအက္ခရာက ဂြန္တအက္ခရာ၊ ရက္ခဝဏ္ဏအက္ခရာ အစဟိရေ စာရို့ ဆင်းသက်လာပါရေ။

အရီးကြီးရေ စာပီတစ်ရပ်မာ ဂြန္တနန့် ခဆင်ဆင်တူရေ သက္ကဋစာပီမျိုးရေ ပေသျှဝါမြောက်ပိုင်းမောရီ
ယမင်းဆက်မှ ရက္ခိုင်ပြည်၊ ဝေသာလီမြို့တော်ဟောင်းသို့ ဆင်းသက်လာလီပါရေ။ ယင်းစာလေ့တစ်
ဆင့်တစ်ဆင့်လွဲပြောင်းပနာ ရက္ခဝဏ္ဏဖြစ်လာရေ တစ်ရပ်၊ ဇတ္တအက္ခရာမာ ဂြန္တနန့် အဆင်တူဗျာ တစ်ဆင့်တစ်ဆင့်လွဲလာပြီးကေ ရက္ခဝဏ္ဏဖြစ်လာရေ တစ်ရပ်၊ နှစ်ရပ်သော ပြောင်းလဲခြင်းရို့နန့် စီး
ဆင်းလာရေ မြစ်ချေနှစ်ခုရို့မာ သမုဒ္ဒရာထဲသို့ စီးဝင်ရေပိုင် ရက္ခဝဏ္ဏအက္ခရာထဲသို့ ဆင်းသက်လာ လီပါရေ။
ယင်းတွက်နန့် ယင်းအချိန်ကပင် ရက္ခဝဏ္ဏအက္ခရာလို့ ထင်ရှားလာပါရေ။ နောက်တစ်ကြောင်းမာ အ
ဆိုပါ ဇတ္တနန့် ဂြန္တရို့က ဆင်းသက်လာရေ ကဒမ္ဗအက္ခရာနန့် စာလုကျအက္ခရာရို့ရေ တစ်ဆင့် တစ်
ဆင့်လွဲပြောင်းပနာ ပြူစာနန့် မွန်စာရို့သို့ ကူးပြောင်းလားပါရေ။ အက္ခရာဝတ္ထုရို့ လွှဲပြောင်းလားရ ခြင်းအကြောင်းမာ လက်ရီးခေတ်ဖြစ်တေအတွက် တစ်ဆင့်တစ်ဆင့် ရီးသားကတ်ရာမာ ရာစုပေါင်း ကြာလာရေခါ တစ်မျိုးတစ်ဖုံစီ လွဲပြောင်းလာလီပါရေ။ ယင်းကြောင့် ရှီးအက္ခရာနန့် ဧဂုအက္ခရာ မတူ ခြင်းဖြစ်ပါရေ။ တစ်ဆင့်တစ်ဆင့်စီထုတ်ပနာ ကြည့်ပါကေအဆုံးမာတူနီကတ်ပါရေ။ ဒေနည်းအတိုင်း အနောက်နိုင်ငံပညာဟိကြီးတိက သုတေသနပြုလုပ်ကတ်ပါရေ။

(၂) ဇာပုဂ္ဂိုလ်တည်ထွင် ခပါရေလေး


အက္ခရာစာပီရို့ကို ဒေသဌာနအရပ်ရပ်ရို့မာ လူမျိုး အသီးသီးရို့ရေ မိမိရို့ဒေသအလျှောက်အခေါ်
အဝေါ်အသုံးအစွဲအားဖြင့် ခေါ်ဝေါ်ကတ်တေခါ ဗမာ အမျိုးသား ဗမာစာ၊ ပြူအမျိုးသား ပြူစာ၊ မွန်
အမျိုးသား မွန်စာ၊ သျှမ်းအမျိုးသား သျှမ်းစာ၊ အိန္ဒိယ အမျိုးသားမာ အိန္ဒိယအမျိုးသားစာ၊ အင်္ဂလိပ်
အမျိုးသားမာ အင်္ဂလိပ်အမျိုးသားစာ၊ တရုတ်အမျိုးသားမာ တရုတ်အမျိုးသားစာလို့ မိမိရို့အမျိုးသား
နာမည်နန့်လည်းကောင်း၊ တိုင်းပြည်နာမည်နန့် လည်းကောင်း အစွဲပြုပနာ စာပီရို့ဧ့ နာမည်တိဖြစ် လာရရေပိုင် ရက္ခိုင်မာလေ့ ရက္ခသဒ္ဒါကို အစွဲပြုပနာ ရက္ခ-ရက္ခိုင်-ဝဏ္ဏအက္ခရာစာလုံး ရက္ခိုင်အက္ခ
ရာစာလုံးတိ ဖြစ်ပေါ်လာပါရေ။ ဖြစ်ပေါ်လာရေအချိန်ကား ဓညဝတီပြည် သူရိယမင်းဆက်မာ ဖြစ်
ပါရေ။ ဇာတွက်လေးဆိုပါကေ အိန္ဒိယပြည်မာ ဂေါတမမြတ်စွာ ဘုရားပွင့်စဉ်ရက္ခိုင်ပြည်မာသူရိယ
မင်းဆက် စန္ဒသူရိယဖြစ်ပါရေ။ သူရိယမင်းဆက်(၂၅)ဆက် ဖြစ်ထွန်းခပါရေ။ ဘုရားပရိနိဗ္ဗာန်လွန်
ပြီး (၂၁၈-ခုနှစ်)မာ သီရိဓမ္မာသောကမင်းကြီး ဖြစ်ထွန်းပါရေ။ ယင်းအချိန် ရက္ခိုင်ပြည်မာ သူရိယ
မင်းဆက်ဖြစ်ပါရေ။ စာပီကား မဂဓခေါ် ဗြဟ္မိအက္ခရာ ဖြစ်ပါရေ။ ဂနိ့ထိ ဓညဝတီမြို့တော်ဟောင်း
နီရာမာ ဗြဟ္မိအက္ခရာနန့်ရီးထိုးခရေ ကျောက်စာတစ်ချပ်ကို ဆရာစံရွှေဖူးနန့် အကျွန်ကိုယ်တိုင်မင်
ကူးယူ ရဟိပါရေ။ ယင်းကတစ်ဆင့် ဝေသာလီမြို့တော် စန္ဒြားမင်းစက် အတွင်းမာ ရီးထိုးထားခရေ ကျောက်စာကဗ္ဗည်းစာတိမာ သက္ကဋကျောက်စာတော်တိ တချို့နန့် ရက္ခဝဏ္ဏ ကျောက်စာတော်တိ တွိဟိရပါရေ။ သက္ကဋကျောက်စာတော်ဆိုရာမာ အနန္ဒစန္ဒြမင်း လက်ထက်ခါ ရီးထိုးထားခရေ သျှစ်
သောင်းဘုရားကျောက်စာ၊ ဝန္ဒိနတ်ကွန်းကျောက်စာ၊ ဝေသာလီမြို့တော်ဟောင်းက ရဟိရေ
ဦးစံရွှေဖူးဧ့ ကြီးခေါင်းလောင်းချေကျောက်စာ၊ ဝေသာလီ ဥဏှိသကတောင်ကျောက်စာ၊ သင်းချပ်
တော်ဘုရားကျောက်စာတိုင်၊ သင်းချပ်တော် မြောက်အနန္တောဓယကျောင်းတော်နန့်စာတီကျောက်
စာရို့နန့်များလှစွာသော ကျောက်စာအပဲ့အကျိုးရို့ရေ သက္ကဋကျောက်စာတိ ဖြစ်ပါရေ။ငွီသားဒင်္ဂါး
တိ ဟိပါသိ့ရေ။ ဒင်္ဂါးမာ သက္ကဋဒင်္ဂါးတိ၊ ရက္ခဝဏ္ဏင်္ဒါးတိ တွိရပါရေ။ ကျောက်ပြားချေ၊ ကြီး ပုရပိုက်
ချေ၊ အုတ်ခွက်ချေရို့ထက်မာ ရက္ခဝဏ္ဏအက္ခရာနန့် ရီးထားပါရေ။ ဝေသာလီကရဟိစွာ ဖြစ်ပါရေ။ ယင်းတွက်ကြောင့် မဂဓအက္ခရာခေါ် ဗြဟ္မိအက္ခရာကတစ်ဆင့် ရက္ခဝဏ္ဏအက္ခရာသို့ ကူးပြောင်း
လာပါရေ။ ခေတ်နန့် မင်းဆက်မာ သူရိယမင်းဆက်မှအစ စန္ဒြားမင်းဆက်အဆုံးမာ ထင်ရှားထွက်
ပေါ်လာပါရေ။

(၃) ဇာကြောင့် ရက္ခဝဏ္ဏအက္ခရာလို့ ခေါ်တွင်ပါရေလေး


ရက္ခဝဏ္ဏအက္ခရာခေါ်တွင်ခြင်းကို ရှိမာပြဆိုခပြီး ရက္ခိုင်ပြည်မင်းအဆက်ဆက်ရို့လက်ထက်မာတစ်
ဆင့်စီ အက္ခရာဝဏ္ဏတိ ရီးသားကတ်ရာမာ တဆတ်ဆတ် တိုင်းရင်းစာပီအဖြစ်သို့ ကူးပြောင်းလား ရေအတွက် ရက္ခိုင်ပြည်မာဖြစ်ထွန်းရေစာကို ရက္ခိုင်စာ သို့မဟုတ် ပါဠိအလိုအားဖြင့်ရက္ခဝဏ္ဏအက္ခ
ရာ လို့ ခေါ်တွင်လီပါရေ။

မှတ်ချက်။ ။ ဒေဆောင်းပါးမာ ပါဟိရေ ကျောက်စာမာ ရခိုင်ပြည်ဝေသာလီမြို့တော်ဟောင်း၊
မြောက်ဦးမြို့အပိုင်း မြောက်ဘက်(၇)မိုင်လောက်အကွာ ဧဂုဝေသာလီရွာချေ ဥဏှိဿတောစာတီ
ပြိုပျက်ရာက ရဟိရေ အက္ခရာရီးထိုးထားရေ ကျောက်လုံးချေတိထဲက တစ်ခုဖြစ်ပါရေ။ (၆)စုခေတ်၊ အာနန္ဒစန္ဒြမင်း ရီးထိုးထားခပြီးကေ ဂြန္တအက္ခရာက ရက္ခဝဏ္ဏအက္ခရာသို့ နွယ်ဆင်းနိရေ အချိန်ဖြစ်ပါ
ရေ။

၁၉၅၈-၅၉ ခုနှစ်
ရခိုင့်တန်ဆောင် နှစ်လယ်မဂ္ဂဇိန်း
ဦးဦးသာထွန်းရီးရေ ရခိုင့်တန်ဆောင်ဆောင်းပါးတိ စာအုပ်(စာမျက်နှာ-၄၆)က ရခိုင်ခြင်းပြု ဖော်ပြစွာ ဖြစ်ပါရေ။ နောင်ခိုင်ပြည် ရခိုင်ခြင်းပြုပါရေ။

No comments:

Post a Comment