Blogger Widgets

ကြိုဆိုစာ

အဖရခိုင်မြီဘလော့မှကြိုဆိုပါယင့်...အဂုပိုင်အချိန်ပီးလာလည်ကတ်လို့ ကျေးဇူးတင်ပါရေ..ရခိုင်သူ/ရခိုင်သားတိ အားလုံးကျမ်းမာချမ်းသာကတ်ပါစီ .......

December 14, 2012

ရခိုင်ဘာသာစကားဧ့ ရ၊လ၊ယ၊ဝ ရို့ ဆက်နွယ်မှုနန့် စံရခိုင်စာပီလမ်း


ရခိုင်စာပီအက္ခရာတိထဲမာ ရကောက်(ရ) ရေ အရေးပါဆုံး အက္ခရာဖြစ်တေလို့ ပြောကေ မှားဖို့မထင်ပါ။အကျွန်ရို့ဧ့ လူမျိုးဖြစ်တေ ‘ရခိုင်’ နန့် ယုံကြည်ကိုးကွယ်ရာဖြစ်တေ ‘ဘုရား’
ကို ရီးသားပြောဆိုရာမာ ရကောက် မပါကေ မပြီးရေပိုင် အကျွန်ရို့ဧ့ ယဉ်ကျေးမှုအသက်
သွီးကြောဖြစ်တေ ရခိုင်စာပီကို ပြန်လည်ဖော်ထုတ်တေနီရာမာ ရကောက်(ရ) ရေအရေး
ပါဆုံးအက္ခရာဖြစ်တေ။ ရခိုင်ဘာသာစကားတိပျောက်ကွယ်မလားအောင် ရကောက်(ရ)
က ကျားကန်လို့ ပီးထားရေ။

ရခိုင်အက္ခရာစဉ် ဇာယားထဲမာ ယနန့်ရ ရေ တတက်ကပ်ပနာ ဟိနီကေလေ့ စကားပြော
ကတ်တေခါထိုးအထက်ထက်ကပင် ယသံ နန့် ရသံ ကို အလုံးကွဲအောင်ပြောကတ်တေ။
ယင်းရို့နန့် ဆက်စပ်နီရေ အပင့်၊အရစ်တိကိုလေ့ ပီပီပြင်ပြင်ပြောကတ်စွာကို တွိရရေ။ဒေ
သိယစကားတိကို လေ့လာကြည့်ကေရကောက်နန့် တခြားအက္ခရာတချို့အသံချင်းဆက်
နွယ်မှုဟိရေပိုင် ယနန့် တခြားအက္ခရာတချို့အသံချင်းဆက်နွယ်မှုဟိကေလေ့ ရနန့်ယ
ကား အသံချင်းဆက်နွယ်မှုကင်းစွာကို တွိရရေ။ ယင်းအတွက်နန့်လေ့ကျွန်သက်တမ်း နှစ်ပေါင်းနှစ်ရာကျော်ကြာလားသည့်တိုင် ရခိုင်စကားတိကို ထိန်းသိမ်းနိုင်စွာ ဖြစ်တေ။
ရခိုင်စာပီသုတေသီ ဆရာကြီးမောင်ဗသိန်းဧ့ သုတေသနပြုချက်အရ ရကောက်အသုံး(၇၈)
မျိုးဟိစွာကို သိရရေ။ လူထုဆက်သွယ်ရေးစနစ်တိ ဒုံးသီးလောက်လျင်လာရေ ဧနိ့ခေတ်မာ
ဗမာစကားကို အယင်ထက်အပြောများလာကတ်ရရေအတွက်ကြောင်းတစ်ကြောင်း၊ ဗမာ
တေးခြင်း၊ဗမာဗွီဒီယို အစဟိရေဘာသာစကားနန့်သက်ဆိုင်ရေ ရုပ်သံပိုင်းဆိုင်ရာ လွှမ်းမိုး
မှုများလာစွာကတစ်ကြောင်း ရသံတချို့ရေ ယသံအဖြစ်ဖောက်ပြန်အခြီယိုင်လာပါရေ။ ယင်း
အခြီယိုင်လာရေ ရသံတိကို စာပီနန့်အနုပညာသမားရို့ကရသံနန့် ယသံ မတူအောင် အရေး
တစိုက်တည့်မတ်ကျားကန်ပီးမှု အားနည်းရေအတွက် မျိုးဆက်သစ်ရခိုင်တိက ရခိုင်ရသံတချို့
ဧ့ဖောက်ပြန်လာရေ ယသံကို ပင်မရခိုင်စကားသံအဖြစ် အထင်မှားလားခြင်းကို စိတ်ဆင်းရဲ
ကြီးစွာမြင်တွိရပါရေ။ရခိုင်စာပီကို ချစ်မြတ်နိုးသူတိကရာ မထိန်းသိမ်းပါကေ ရှိ(အရှိဖက်)၊ရှီး
(ရှီးခေတ်)၊ရင်(ငါးအိုးရင်)၊ ရှား(ထင်ရှား)၊ရှု(ကြည့်ရှု)၊ရှူး(မီးရှူး)၊ရွှီ(ရွှီတူပန်း)၊ရွှင်(ပျော်ရွှင်) အ
စဟိရေ ရခိုင်ရသံတိစွာ သင်ခါရ တရားအောက်မာ မကြာခင်ပျောက်လားနိုင်ရေ။ ရကောက်
နန့် ဆက်နွယ်နီရေ ရရစ်သံတချို့လေ့သော့ ယပင့်သံဖက်ကို အခြီယိုင်လာပနာ တချို့ရသံတိ
ကျခါ အသုံးးနည်းလာရေအတွက် ယှားပါးရခိုင်စကားတိဖြစ်လာပါလတ်တေ။တချို့ရခိုင်ရသံတိ
ဆိုကေ ယသံဖက်ကို အခြီမယိုင်ဘဲနန့် လသံ(လဧ့အသံ)ဖက်ကို အခြီယိုင်လာစွာတွိရရေ။ဧအ
ကြောင်းရင်းကို စီးစစ်ကြည့်ရေအခါမာလေ့ ဗမာစာပီနန့်ဘာသာစကားဧ့ ပရောဂတိရာဖြစ်နီ
ပြန်ရေ။စာပီအင်္ဂါရပ်တိနန့် ကိုက်ညီအောင် ဗမာစာပီမာ ရကောက်ကို ထည့်သွင်းပနာ ပြဌာန်း
ထားကေလေ့ နိ့စဉ်သုံးစွဲပြောဆိုကတ်တေ ဗမာစကားတိမာကား ရသံ(ရကောက်ဧ့အသံ)ကို အတွိရယှားရေ။ မသုံးမဖြစ်သုံးရရေ ပါဠိစကားတချို့လောက်ကိုရာ ရသံနန့်ဖတ်ပနာ ကျန်ရေ ရကောက်နန့်ပတ်သက်တေ အရီးအသားတိကို လသံ(လဧ့အသံ)နန့် ပြောကတ်စွာကို တွိရရေ။ပါဠိစကားက မွီးစပ်ယူထားရေ တိရိ စ္ဆာန် ကို တလိတ်ဆန် လို့ပြောကတ်ပနာ၊ ရေဒီယို၊ ကာရာအိုကေ အစဟိရေ အင်္ဂလိပ်ပါးကမွီးစပ်စကားတိကိုလေ့ လေဒီယို၊ ကာလာအိုကေ လို့ ပြောကတ်စွာတိ တွိရရေ။ ယင်းအတွက်နန့်လေ့ ဗမာတိကျွန်ပြုခံ အကျွန်ရို့ရခိုင်လူမျိုးတိမာ ဗမာတိပါးကမွီးစပ်ယူထားရေစကားဖြစ်တေ ‘လွတ်လပ်ရေး’ ကအစပြုပနာ ရခိုင်ရသံတိစွာ
ဗမာတိက လသံဆိုကေ လသံ၊ဗမာတိက ယသံဆိုကေ ယသံ ဆိုပြီးကေ ဗမာဘာသာစကား
နောက် တကောက်ကောက်လိုက်ပါနီစွာတွိရရေ။
ယင်းရကောက်အသုံးတိထဲက အပြောဖက်မာ မဆိုစလောက်ချေရာကျန်ပနာ အရီးဖက်ကို လုံးဝလိုက်မပါရေ ရသံတစ်ခုက ‘ရို့’ ဖြစ်တေ။ ‘ရို့’ ကို မင်းရို့၊ငါရို့၊အကျွန်ရို့ စသည်ဖြင့် သုံး
ကတ်တေပိုင် မဟုတ်လို့၊ဇာဖြစ်ရို့၊လားဖို့ရို့ ဆိုပနာ ပြောခကတ်စွာတိတွိရရေ။ ပလက်ဝနယ်
နန့် စစ်တကောင်း တောင်တန်း ဒေသဖက်တိမာ ဒေ ရအသုံးကို အဂုထက်ထိတွိနီရသိ့ရေ။ ယေ
ကေလေ့ ‘လို့’ ကို အသုံးများလာစွာကတစ်ကြောင်း၊ရို့နန့် လို့ ကွဲပြားစီချင်ရေ ဆင်ခြီဆင်လက်
တိကတစ်ကြောင်း ယင်း ရသံစွာသင်္ခါရတရားကို မျက်မှောက်ပြုလားရစွာဖြစ်တေ။ တခြားရ
အသုံးတိဖြစ်တေ ရွှ(ရွှတိုက်) ၊ရွင့်(ရွင့်ပြာသတ်) ၊ရွှင့်(စပါးရွှင့်) ၊ရွတ်(ခွင့်ရွတ်)၊ ရွန်(ရွန်ဆွဲပွဲ)၊
ရွန်း(ကြိုးရွန်း)၊ ရွှဲ(ယိုင်းရွှဲ) အစဟိရေဝေါဟာရတိစွာ ရခိုင်တချို့ဧ့ပစ(ပါးစပ်)နန့် လက်ကမြင်း
ကတ်မှုကြောင့် လွှတိုက်၊ လွင့်ပြာသတ်၊ စပါးလွှင့်၊ခွင့်လွှတ်၊ လွန်ဆွဲပွဲ၊ ကြိုးလွန်း၊ ယိုင်းလွှဲ ဆိုပနာ ပြောင်းလဲလာပါရေ။ ယင်းပိုင် ရခိုင်ဘာသာစကားတိပြောင်းလဲလာစွာရေ ဖောက်ပြန်ရာကစစွာ ဖြစ်တေအတွက်နန့် စလို့ဖောက်ပြန်လောက်ကပင် ဆန့်ကျင်ပနာ ရခိုင်စာပီနန့် ဘာသာစကား
ကိုထိန်းသိမ်းကယ်တင်ကတ်ပါ။

ရသံတိရေ ထိန်းသိမ်းပြောဆိုခြင်းရေ ရခိုင်စာပီကို လက်တွိကျကျချစ်ခြင်းဖြစ်တေ။ ရသံကိုပြော
ဆိုရခက်တေအသံဖြစ် အကျွန်ယူဆမိပါရေ။ ဇာဖြစ်လို့လေးဆိုကေ ရခိုင်စာပီဖြစ်စဉ်တိထဲမာ အ
သိအမှတ်ပြုမှုမဟိကေလေ့ ရှီးအထက်ထက်ကပင် ရသံတချို့ကို ဝသံ(ဝဧ့အသံ)နန့် ပြောကတ်
စွာကိုတွိရရေ။ ရွာသား ကို ဝါသား၊ ရောစပ် ကို ဝေါစပ်၊ ရင်ခွင် ကို ဝင်ခွင်၊ ဆံတော်ရှင် ကို ဆံဒ
ဝင်၊ ငါးသူရဲ ကို ငသဝဲ၊ ရီတွက် ကို ဝီတွက်၊ စာရီး ကို စာဝီး၊ရွှီတစ်ရွဲ ကို ရွှီတစ်ဝဲ၊ ရွံယှာ ကို ဝံယှာ
၊ထရံတစ်ရွှား ကို ထရံတစ်ဝှါး၊ တိုးရွိ ကို တိုးဝိ ဆိုပြီးကေ ပြောဆိုမှုတိဟိရေပိုင် ပြော ကို ပေါ လို့ ပြောဆိုမှုတိရေ ဝတီလေးရပ်နီရာအနှံ့ မာဟိနီပါရေ။ ဆံတော်ရှင်၊ ငါးသူရဲနန့် စာရီး ဆိုရေ ဝေါ
ဟာရတိရေ ဝသံအဖြစ်မပြောင်းလဲခင်မာ ဆံဒရွှင်၊ ငသရွဲ၊ စာရွီး ဆိုပြီးကေ ကြားမာ ရွ(ရကောက်
ဝဆွဲ) သံ တဆင့်ပြောင်းလဲခကြောင်းတွိရရေ။ ဧစကားတိရေ မိရိုးဖလာ ရခိုင်စကားတိဖြစ်တေအ
တွက် အသိအမှတ်ပြုဖို့ လိုအပ်တေပိုင် အရီးဖက်မာကျခါ မူလအရီးအသားဖြစ်တေ ရသံနန့်ရာ ရီး
သားသင့်ရေ။ယေမှလေ့ အကျွန်ရို့လားနီကတ်တေ ရခိုင်စာပီပန်းတိုင်ကို အလျင်ရောက်ပါလိမေ။
ရခိုင်ရသံတချို့ကို ဝသံနန့် ပြောဆိုကတ်တေပိုင် ရသံနန့် ပြောဆိုကတ်တေ ဝအရီးအသားတချို့
လေ့ ဟိနီရေ။ ဝါးလုံး ကို ရလုံး၊ ဝါးပိုင်း ကို ရပိုင်း၊ ဝါးခြမ်း ကို (ရခြမ်း၊ ရှောက်ခွမ်း)၊ ဝဖြီး ကို ရဖြီး
ကို ပြောဆိုကတ်စွာတိ တွိရရေ။ ဧဝေါဟာရတိမာ ဝဖြီး ကို ရဖြီး လို့ ပြောရေအတိုင်း ရီးကတ်စွာ
ကလွဲလို့ တခြားဝေါဟာရတိစွာ အပြောသက်သက်နန့် အနီကျနီစွာတွိရရေ။ အမှန်က ရဖြီးဆိုစွာ ဂေါင်းဖြီးကတဆင့်စကားသံပြောင်းလဲလာစွာဖြစ်တေ။ဂေါင်းဖြီးကနီပမာ ဝဖြီး၊ ဝဖြီး က နီပနာ ရဖြီး ဖြစ်လာစွာရာ။ ရခိုင်စကားသံတိထဲမာ ဥ၊ဦးဂေါင်း၊နန့် ဂေါင်း နီရာတိမာ ဝ ကို ထည့်ပြောကတ်တေအတွက်ဂေါင်းဖြီးကနီ ဝဖြီး ဖြစ်လာစွာဖြစ်တေ။ ရခိုင်စကားတိထဲမာ ဥတင်း
ကို ဝတင်း၊ ဦးပုသ် ကို ဝပုတ်၊ ဦးထုပ်(ဂေါင်းချုပ်) ကိုဝထုပ်၊ ဦးရာဇ် ကို ဝရာဇ် လို့ အစဉ်မလာ ပြောကတ်စွာတိကို ကြည့်ကေ သိနိုင်ပါရေ။
ရခိုင်စကားသံတိရေ ရသံ ကနီပနာ ယသံနန့် လသံ ဖက်ကို ဖောက်ပြန်ခြင်းနန့် ရသံ နန့် ဝသံရို့အပြန်အလှန် ဆက်နွယ်ပြောဆိုခြင်းတိ ဟိရေပိုင် လသံ(လဧ့အသံ)ကို ယသံ(ယှသံ၊ချသံ၊
သျှသံ) နန့်ပြောဆိုကတ်စွာတိလေ့တွိရရေ။ အကျွန်ရို့ရခိုင်လူမျိုးတိရေ အလျား ကို အယား၊ အ
လျင် ကို အယင်၊လျော့ ကို ယော့၊ လျက်ဆား ကို ယက်ဆား၊ အလျင်း ကို အယှင်း(အချင်း)၊ လျှံ
ကို ယှံ(ချံ) ၊ လျောက် ကို ယှောက်(ချောက်)၊ လျှပ် ကို ယှပ်(ချက်) ဆိုပနာ အစဉ်အလာပြော
ကတ်စွာတိ ဟိပါရေ။
ခေတ်ရီစီးကြောင်းတိ ပြောင်းလဲလာရေပိုင် ဘာသာစကားတိလေ့ ပြောင်းလဲတတ်စွာကားအမှန်
ပင် ဖြစ်တေ။ ကောင်းမွန်သော ပြောင်းလဲမှုတိ(သို့မဟုတ်) ပရောဂမပါရေ ပြောင်းလဲမှုတိကို ကြိုဆိုသင့်ရေပိုင်တခြားဘာသာစကားတစ်ခုဧ့ပရောဂကြောင့်ဖောက်ပြန်လာရေဘာသာစကား
တိကိုရခိုင်စာပီလောကသား အားလုံး ဝိုင်းဝန်းဆန့်ကျင်ကတ်ဖို့လိုပါရေ။ ယေမှလေ့ ရခိုင်စာပီကို ချစ်မြတ်နိုးရာရောက်ပနာ အကျွန်ရို့ ချစ်တေ ရခိုင်စာပီလေ့သော့ အဆင့်အတန်းမွီလာပါလိမေ။


ခိုင်မင်းဇံ(ရခိုင်ပြည်)

1 comment:

  1. အကျွန်ရို့တိစာသင်ခရခာဆိုဂေ
    အားလုံးဗမာစာတိဖြစ်လို့
    ပြောဂေလဲ ရခိုင်စဂါးသုံးခွန်းမာ
    ဗမာစဂါးတခွန်းမဟုက်ကေလဲ့သင့်
    တဖဲ့ယှေလောက်တာလဲသင့်
    ကတ်ပါလာပါရေ
    ယင်းပိုင်အောက်ချီးစဂါးကတ်ပါလာ
    စော်တိဂိုအကျွန်ရို့တိဂိုအပြစ်ပုံသျှလို့လဲသင့်မရပါ
    ဇာဖြစ်လို့လဲဆိုဂေ စာနာင့်စဂါးဂစော်ဆက်စပ်
    နိန်ပါလို့ ရာဖြစ်ပါရေ
    ယေဂေလဲ့အဂုလုံးဝလဲအောကမချီးသဂါး
    အောက်ချီးလီသံဂိုမသုံးပါယာ
    ဇာဖြသ်လိုပလဲဆိုဂေ၇ခိုင်ပညာတတ်တိက
    ရခိုင်စာနာငမ့ဗမာစာဂိုခွဲပနာရီးပြပီးနိန်ဂတ်လို့ပါ
    အကျွန့်ရို့တိလိလာပါလို့

    ReplyDelete